“ထက်အောင်လှိုင် စိတ်ပညာဗေဒ” ၀က်ဆိုဒ် နှစ်နှစ်ပြည့်အထိမ်းအမှတ်
“ကျေးဇူးအထူးတင်အပ်ပါသည်။”
(5.11.2012)ခုနှစ်သည် ဤ၀က်ဆိုဒ်၏နှစ်နှစ်ပြည့်သောနေ့ ဖြစ်ပါသည်။ရှေးဦးစွာ ကျွန်တော့်အား လူ့ ပြည်သို့ ရောက်ရှိလာအောင် မွေးဖွားသန့် စင်ပေးသော ကျေးဇူးရှင်မိဘနှစ်ပါးကို
ကျေးဇူးတင်အပ်ပါသည်။ကျွန်တော့်အား အထက်တန်းကျောင်းသားဘ၀တွင် စိတ်ပညာဘာသာရပ်များကိုလေ့လာခွင့်ရအောင် လမ်းပြရေးသားခဲ့ကြသော ဆရာကြီးဖြိုး ၊ဆရာပီမိုးနင်း ၊ဆရာကြီးရှိန်းတို့ အား ကျေးဇူးတင်ပါသည်။ကျွန်တော့်၏ ၀က်ဆိုဒ်အား နည်းပညာဆိုင်ရာများနှင့်ပက်သက်၍ အကူအညီပေးခဲ့သော အနီးကပ်ကူညီပေးခဲ့သည့် မန္တလေးမှ ကွန်ပျူတာ
ပညာရှင် ကိုဟိန်းထက်ကို နှင့် DSMA မှ ကိုစိုင်း တို့ အားကျေးဇူးတင်အပ်ပါသည်။ထို့ နောက် ကျွန်တော့်အား နားလည်မှုများစွာဖြင့် လက်တွဲခဲ့သော ကျွန်တော့် ဟန်နီ သံသာမိုးအား
လည်းကောင်းကျေးဇူးတင်အပ်ပါသည်။စိတ်ပညာရပ်နှင့်ဆိုင်သော ပို့ စ်များအား ယနေ့ တိုင်ဖတ်ရှုပေးကြသော ချစ်ခင်လှစွာသောစာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်ခင်ဗျာ။စာဖတ်ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ ကျန်းမာချမ်းသာကြပါစေ။
ထက်အောင်လှိုင် (Philosophy)
Email  – htetaunghlaing.retina@gmail.com
နတ်မင်းကြီးလေးပါး
သိကြားမင်း
နတ်မင်းကြီးလေးပါး
“နတ်မင်းကြီးလေးပါး အကြောင်း နာမည်နှင့်တကွသိချင်ပါတယ်”ဟု ကျွန်တော့် blog ထဲမှာ comment ရေးလာတဲ့အတွက် အခုလို ဆောင်းပါးအဖြစ်ရေးသားတင်ဆက်လိုက်ရခြင်း
ဖြစ်ပါတယ်။မသိသေးတဲ့ နောင်လာလူငယ်များအတွက် ရည်စူးပြီးတော့ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။
နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဘုံဖြစ်သော နတ်ပြည်ကို စတုမဟာရာဇ်နတ်ဘုံဟုခေါ်ပါသည်။သိကြားမင်း၏  ကိုယ်စား
အောက်ဘုမ္မစိုး ၊ရုက္ခစိုး ၊ကုမ္ဘဏ်ရက္ခိုက်၊ယက္ခ၊ ဂန္ဓဗ္ဗနတ်တို့ ကို အသီးသီး အုပ်ချုပ်သော နတ်မင်းကြီးလေးပါးရှိလေသည်။ထို နတ်မင်းကြီးလေးပါးတို့ နာမည်များမှာ -
(၁) ဓတရဌ
(၂) ၀ိရူဋက
(၃) ၀ိရူပက္ခ
(၄) ကုဝေရ
ဟူ၍ဖြစ်ကြသည်။
  • ဓတရဋ္ဌနတ်မင်းကြီးသည် ငွေရောင်တောက်ပသော မြင့်မိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေ နေကြ သော နတ်များ) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
  • ၀ိရူဠကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ၀မ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါန၀ရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။
  • ၀ိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင့်မိုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
  • ကုဝေရနတ်မင်းကြီးသည် ရွှေရောင်တောက်ပသော မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။
  • စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင့်မိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင့်မိုရ်တောင် အောက်ခြေထိ ကျယ်ပြန့်သည်။
နတ်မင်းကြီးလေးပါးအုပ်ချုပ်သောကြောင့် စတုမဟာရာဇ (စတု -၄ ၊မဟာရာဇ – ကြီးမြတ်သောနတ်မင်းကြီး)ဘုံဟုခေါ်ပါသည်။စတုမဟာရာဇ် နတ်အမျိုးအစားကိုခွဲလျှင် (၂)မျိုးတွေ့ 
ရပါသည်။
၁။ တော ၊ တောင် ၊ မြေပေါ်မှာတည်ကြသော ပဗ္ဗတဌ ၊ဘူမဌနတ်များ
၂။ ကောင်းကင်မှာတည်သော အာကသဌနတ်များ
ပဗ္ဗတဘူမဌခေါ်နတ်များသည် ယုဂန္ဓိုရ် တောင်ပေါ်တွင် ဘုံဗိမာန်အသီးသီးဖြင့် နေကြသည်။အာကာသဌခေါ် ကောင်းကင်နတ်များသည် မြင့်မိုရ်တောင် အလယ်ရှိယုဂန္ဓိုရ် တောင်ထွတ်
နှင့်ညီမျှသော ပတ်ပတ်လည်ကောင်းကင်ပြင်ကြီးထဲတွင် စကြာဝဋာတံတိုင်း ရောက်အောင် နတ်ဘုံ နတ်ဗိမ္မာန်များနှင့် နေကြသည်။
ထက်အောင်လှိုင်(စိတ်ပညာ)
နတ်တို့ မြူးပျော် တောင်ပြုန်းပွဲတော်
ကျွန်တော် ငယ်စဉ်အခါတုန်းက တောင်ပြုန်းပွဲ ဆိုတာကို ကြားဖူးနေခဲ့ပါတယ်။ ဒီနှစ်ကျတော့ ကျွန်တော့် အဘွားအရင်းဖြစ်သူနဲ့  တောင်ပြုန်းပွဲ ဆိုတာကို ရောက်ရှိ မြင်တွေ့ခွင့် ရပါတယ်။ တောင်ပြုန်းပွဲ ဆိုတာက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာမှာ နှစ်စဉ်ကျင်းပနေကျ ဆုတောင်းပြည့် ဆုတောင်းရဘုရားရဲ့ ပွဲတော်ကြီးပါ။
ဘုရားတည်နေတုန်း အုတ်၂ချပ် ဆက်ရန်တာဝန်ပျက်တာကြောင့် တောင်ပြုန်း မင်းနှစ်ပါးရယ်လို့ ဖြစ်လာတဲ့ ညီနောင်၂ဦးကို တောင်ပြုန်းဒေသမှာ နေရာပေးထားခဲ့ရာကနေ ဒီဘုရားပွဲကို ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုန်း မင်းနှစ်ပါးပွဲတော် အဖြစ် နှစ်စဉ် ၀ါခေါင်လဆန်း ၁ ရက်နေ့မှ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့ အထိ ရှေးအစဉ်အဆက် ကျင်းပလာခဲ့ ကြတာပါ။
ပုဂံခေတ် ခေတ်အဆက်ဆက်ကတည်းက ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ဟာ ရိုးရာ ယုံကြည်မှုအရ လာရောက်သူတွေ၊ ယုံကြည်မှုနှင့်ရိုးရာအပေါ် ပိုမို လွှမ်းမိုးလာသော လာဘ်လာဘများကြောင့် ရောက်လာကြသူတွေ၊ တောင်းဆုပြည့်လို့ လာဆက်သူတွေ၊ တောင်းဆုပြည့်ဖို့ လာဆက်သူတွေ၊ သီးနှံကောင်းလို့၊ အရောင်း အ၀ယ်ကောင်းလို့ လာကြတာတွေ၊ စီးပွားရေးမကောင်းလို့ နတ်ကို နားပူနားဆာလုပ်ဖို့ ရောက်လာကြသူတွေ၊ ပွဲတော်တစ်ခုအဖြစ်လာကြသူတွေ၊ အထွေထွေ အမျိုးမျိုးနဲ့ နန်းတွေ ရှေ့မှာတော့ လူတွေ အပြည့်ပါပဲ။
တောင်ပြုန်းပွဲက ၀ါခေါင်လဆန်း ၁ ရက်မှာစတယ်ဆိုပေမယ့် စံနန်းတော် မင်္ဂလာရေစင်ဆေး အခမ်းအနားကျင်းပတဲ့ ၀ါခေါင်လဆန်း ၅ ရက်နေ့မှစပြီး စည်တာပါ။ ကျွန်တော်ရောက်သွားတဲ့နေ့ကတော့ နန်းတွေမှာ နတ်ဆိုင်းတွေ မတီးကြရ သေးပါဘူး။ လဆန်း ၁၀ ရက်နေ့ (လာမယ့် အင်္ဂါနေ့) ဟာ နန်းကြီးပေါ်မှာ ညီလာခံကျင်းပတော့မှ နတ်အခမ်းအနား အဆောင်အယောင်တွေ၊ အသုံးအနှုန်း အမူအယာတွေ၊ နတ် သီချင်း၊ နတ်ဆိုင်းသံတွေ စကြားရမှာ ဆိုတော့ မရောက်ဘူးသေးတဲ့ သူတွေဆိုရင် အဲဒီနေ့ဟာ ရောက်ဖူးသင့်တဲ့ ရက်ပေါ့။ ပြည်တွင်း ခရီးသွားတွေ သာမကဘဲ နိုင်ငံခြားသား ခရီးသည်တွေပါ တကူးတက လာရောက် ကြည့်ရှုကြလေ့ ရှိပါတယ်။
တောင်ပြုန်းပွဲတော် ဆီကို မော်တော်ယာဉ်လိုင်းတွေ နဲ့ မြန်မာ့မီးရထားကလည်း သူရဲဈေးဘူတာကနေ မတ္တရာဘူတာကြားမှာ တောင်ပြုံးအထူးရထားကို သြဂုတ်လ ၇ ရက်နေ့မှစတင်ကာ အထူးရထား တစ်ရက်လျှင် အစုန်အဆန် ၁၄ ခေါက် ပြေးဆွဲပေးနေပါတယ်။
ပွဲတော်လာတဲ့ ယာဉ်တွေကတော့ များမှ များပါပဲ။တောင်ပြုံးလမ်းခွဲ စဝင်တယ် ဆိုရင်ပဲ လမ်းဘေးမှာ ပွဲတော်လာ ကားတွေပေါ်က ကျဲတဲ့ ပိုက်ဆံကို ကောက်ဖို့ စောင့်နေကြတဲ့ကလေးတွေကို အများကြီးပဲတွေ့ရမှာပါ။
သူတို့တွေက “ပိုက်ဆံကျဲပါဗျို့”တဲ့။ ပွဲလာကားတွေပေါ်ကတော့ ကုသိုလ်သဘောရယ်၊ အပျော်အတွက်ရယ် ပိုက်ဆံတွေ ကျဲချာကြပေမဲ့ လုကောက်တဲ့ ကလေးတွေက အလုအယက် ကောက်နေတာဟာ မြင်ရတဲ့ ကျွန်တော်အတွက်တော့ မလုပ်သင့်တဲ့ အန္တရယ်အလုပ်ကြီးအဖြစ် တွေ့နေရတယ်။ သူတို့ ကလေးတွေ အတွက်တော့ တစ်နှစ်လုံး စောင့်ခဲ့ရတဲ့ ပျော်စရာ ပွဲတော်ကြီးပေါ့။
ပွဲတော်မှာ အညာဒေသစာတွေ ရောင်းတယ်။လူတွေရဲ့ လက်ထဲမှာ တော့ ပန်းနဲ့ ပွဲပါပဲ။ သူတို့တွေ ရဲ့စိတ်ထဲမှာတော့ တောင်းစရာ ဆုတွေလည်းပါမှာပေါ့လေ။
နန်းကြီးပေါ်ရောက်တော့ ပွဲဆက်မယ့်သူတွေက ကြိတ်ကြိတ်တိုးစည်နေတယ်။ တောင်ပြုံးမင်းနှစ်ပါး ဘယ်လိုနားထောင်နိုင်ကြမလဲတော့ ကျွန်တော်မသိရပေမယ့် နန်းပေါ်က လူတွေကတော့ ပါးစပ်က တတွတ်တွတ်နဲ့ ဖေကြီးမပါ၊စပါ၊ စောင့်ရှောက်ပါ။ ပေးသနားပါ၊ ပါ…..ပါ…..ပါ။
ချိုးရေတော်သုံးမယ့် ဝေါပေါ်ကို ပန်းတွေ ပစ်တင်ပြီး ဆက်ကြသူတွေ၊ဆုတောင်းနေကြသူတွေ ကလည်းများမှများ။ ကိုယ်တော်ကြီး ဝေါကောင်းကြီး စီးနိုင်သလို သမီးတော်များ ကားကောင်းကြီးတွေ စီးရပါစေပေါ့။တောင်ပြုံးကို ရောက်လာပြီ ဆိုရင်တော့ အိမ်၊တိုက်၊ကား လိုချင်လား ရစေရမယ်။ ရွှေလား …………မရှားတော့ဘူးတဲ့။
တောင်ပြုန်းပွဲတော်လာ ပရိသတ်များအတွက် ဖျော်ဖြေရေးအပိုင်းမှာလည်း ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည် စတဲ့ ဇာတ်သဘင်တွေက အပြိုင်အဆိုင်။ ရုပ်ရှင်ရုံလည်း ရှိတယ်လေ။
ပွဲတော်လာသူတွေက ကိုယ့်အသိ နတ်ကတော်တွေရဲ့ အမျိုးတော်၊ အဆွေတော်တွေရဲ့ နတ်နန်းတွေ ဆီလဲ သွားကြတယ်။
ဒီလိုနဲ့ပုဂံခေတ် ကနေ ခေတ်အဆက်ဆက် ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ကတော့ ဘယ်သူတွေက စည်တယ်မစည်ဘူး ပြောပြော ပွဲတော်လာတွေက တော့ နှစ်တိုင်းနှစ်တိုး တြိတ်တြိတ်တိုးနေကြဆဲပါလေ။
ထက်အောင်လှိုင်(စိတ်ပညာ)
သားသမီးရတနာရစေ့ဌာ
တစ်နေ့ သဠ်  မှော်ဘီ ၊ မရမ်းတလင်းခြံကြီးရှိ အဘမင်းသိင်္ခ၏နေရာသို့  ကျွန်တော် ၊ ကျွန်တော့်ဦးလေးနှင့် ဦးလေးမိန်းမတို့ 
သုံးဦးတို့ သည် ကိုယ်ပိုင်ကားတစ်စီးဖြင့်ရောက်ရှိလာခဲ့ကြလေ၏။ထိုအချိန်ကား (၃.၁၀.၂၀၀၅)ခုနှစ်ဖြစ်၏။ထိုအချိန်ဠ် အဘသည်
ဆရာဇင်ယော်နီ ၊ဆရာ သိဒ္ဓိဇင် ၊ ဦးစိုးမိုးနိုင် (ယခု မျက်လှည့်ကျော် စက္ကောမ)တို့ အုပ်စုနှင့် စကားလက်ဆုံကျနေလေ၏။ထိုစကားဝိုင်းသို့  ကျွန်တော်တို့ လည်း ၀င်ရောက်နားထောင်ကြ
လေ၏။ထိုစကားဝိုင်းဠ် အဘထံပညာသင်နေသောလူငယ်လေးက -”အဘရယ် ၊ကျွန်တော်တို့ ဘ၀တွေဟာ စဉ်းစားကြည့်လိုက်တော့ ဘာအဓိပ္ပါယ်မှလည်း မရှိဘူးနော်…၊အိပ်ယာထ
လာလိုက်၊စားလိုက်သောက်လိုက်၊အ၀တ်လေးလျှော်လိုက်၊ရေလေးချိုးလိုက်၊အိမ်သာလေးတက်လိုက်၊ပြန်အိပ်လိုက်၊ပြန်ထလိုက်နဲ့ ဒီလိုနဲ့ ပဲ ချာလည်လည်နေတော့တာပဲနော်…”ဟူ၍
အရွယ်နှင့်မလိုက်သော စကားကြီးစကားကျယ်ကိုဆိုလေ၏။ယင်း၏ စကားကို ကြားလျှင်အဘသည် တခစ်ခစ်နှင့် သဘောကျစွာဖြင့်ရယ်လေ၏။ထို့ သို့ ရယ်ပြီးနောက် -
“ဒီလိုကွ…၊ဘ၀ဆိုတဲ့အရာမှာ အဓိပ္ပါယ်တွေ၊ရည်ရွယ်ချက်တွေ၊ပြဌာန်းချက်ဆိုတာတွေကို သွားပြီးမရှာချင်နဲ့ ကွ…၊ဘ၀ဆိုပြီးဖြစ်လာတည်းက အဲဒီအရာတွေဟာ သူ့ ဟာသူပါလာပြီး
ဖျပ်ခတ်ပြီး ပျံသန်းနေတဲ့ဌက်၊လေပြည်လေညှင်းထဲမှာ ယိမ်းနွဲ့ စကားနေတဲ့နှင်းဆီပွင့်…၊မနက်မိုးလင်းတာနဲ့  အရှေ့ မိုးကုတ် စက်ဝိုင်းဆီက တက်လာတဲ့ သူရိယနေမင်း… ၊ညမှောင်
သွားတာနဲ့  နက်ပြာရောင် မိုးကောင်းကင်ကြီးမှာပေါ်လာတဲ့ ကြယ်တာရာတွေ …၊မိန်းမတစ်ယောကို အရူးအမူးချစ်နေတဲ့ယောင်္ကျားတစ်ယောက်၊လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေ
တဲ့ ကလေးသူငယ်… အဲဒါတွေ အဲဒါတွေဟာ သူ့ ဟာသူ ဖြစ်နေကြတာ…၊ဘာအဓိပ္ပါယ်လဲလို့ သွားမမေးနဲ့ …၊နှင်းဆီးပန်းဟာ ဘာလို့ ပွင့်နေတာလဲမေးရင်း နှင်းဆီပွင်ဟာ ဖြေနိုင်မှာ
မဟုတ်ဘူး…။အဲဒီလိုပဲ နေမင်းကြီးလည်း ဘာကြောင့် အရှေ့ ဘက်က ထွက်ထွက်နေရတာလဲလို့ မေးကြည့်လိုက်ပါလား။သူ့ မှာအဖြေရှိမှာမဟုတ်ဘူး။အဲဒီလို အရှေ့ ဘက်ထွက်နေတာကိုက နေရဲ့ အလုပ်၊နေရဲ့ ဘ၀၊နေရဲ့ အဓိပ္ပါယ်ပဲ…၊အဲဒီလိုပဲ ပွင့်နေတာကိုက နှင်းဆီပန်းရဲ့ အလုပ်၊နှင်းဆီပန်းရဲ့ ဘ၀ပဲ…။အတောင်တဖျပ်ဖျပ်နဲ့ ပျံနေတာကိုက
ဌက်ရဲ့ အလုပ်၊ဌက်ရဲ့ ဘ၀ပဲ၊လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေတာကိုက ကလေးရဲ့ အလုပ်ပဲ၊ကလေးရဲ့ ဘ၀ပဲ…။အဲဒီလိုပဲ သက်ကြီးရွယ်အို အဖိုးကြီးတစ်ယောက်ဟာအိပ်လိုက် ၊ထ
လိုက်၊တလှုပ်လှုပ်နဲ့  လှုပ်ရှားလိုက်၊စကားလေးဘာလေးပြောလိုက်၊ပြန်အိပ်လိုက်…အဲဒါကိုက သူ့ ဘ၀၊သူ့ အဓိပ္ပါယ်ပဲ…။အဲဒါ အဖိုးကြီးရဲ့ ကဗျာပဲ။အဖိုးကြီးရဲ့ ပန်းချီကားပဲ…၊အဖိုးကြီး
ရဲ့ ဂီတပဲ၊အဲဒါကုန်ပြီ…၊အားလုံးပြည့်စုံနေပြီ…၊ပြည့်စုံပြီးသားထဲကို ဘာမှထပ်ပြီးမရှာချင်စမ်းပါနဲ့ တော့…”ဟုပြောလျှင် လူငယ်လေးသည် ခေါင်းကို တဗျင်းဗျင်းကုတ်လေ။၏။ကျွန်တော့်
ဦးလေး၏မိန်းမ မမာယာဒေ၀ီ မျက်မှောင်ကြီးကုတ်၍ စဉ်းစားနေလေ၏။ကျွန်တော့်ဦးလေး ဦးမြကျော်သည် တွေတွေကြီးလုပ်၍ စဉ်းစားနေပြီးသည့်နောက် လက်ခုပ်လက်ဝါးထ၍တီး
လေ၏။ထို့ နောက် – “ပေါက်သွားပြီအဘရေ…၊ဘာပေါက်တာလဲလို့ တော့မမေးနဲ့ ၊အဘက ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောသလဲတော့မသိဘူး။ကျွန်တော်ကလည်း ကျွန်တော့်ဟာကျွန်တော်
ရင်ထဲမှာ ရှုပ်နေတဲ့ အရှုပ်တွေ အဘစကားကြောင့် ရှင်းသွားတာတော့အမှန်ဘဲ…”ဟုပြောကာအဘအား လက်အုပ်ချီ၍ ကန်တော့လေ၏။ထိုအခါအဘက – “ဘယ်လိုပဲပေါက်ပေါက်
မောင်မြကျော်ရယ်၊ပေါက်သွားတယ်ဆိုရင်ပြီးတာပါပဲ…၊အခုတော့ နေ့ လည်စာအတွက်စီစဉ်ရဦးမယ်ကွ၊မင်းတို့ လည်း တစ်ခါတည်းစားသွားပေါ့”ဟုပြောပြောဆိုဆိုပင် ဟင်းချက်စရာ
များကိုပြင်ဆင်းလှီးချွတ်ထုထောင်းကြရလေ၏။ထို့ နောက်မီးသွေးဖိုနှင့်တကွ အဘသည်ချက်လေတော့၏။ထိုနေ့ ကအဘသည် ဘဲသားကိုဆီပြန်ချက်လေ၏။ဆူးပုပ်ရွက်ဟင်းချိုတစ်
ခွက်ကိုလည်း စီမံလေ၏။ချဉ်ဖတ်စုံသုပ်၏။ထို့ အပြင် တို့ စရာ တညင်းသီးကိုလည်း စီမံလေ၏။အလုံးစုံချက်ပြုတ်ပြီးသောအခါ ကျွန်တော်တို့ သည်နေ့ လည်စာထမင်းဝိုင်းကို မြိန်ယှက်
စွာဖြင့် စားသောက်ကြလေ၏။ထိုသို့ စားသောက်ပြီးနောက် ကျွန်တော့်အဒေါ် ဒေါ်မာယာဒေ၀ီက – “ဒီနေ့ ထမင်းဝိုင်းမှာတော့ ဆူးပုပ်ရွက်ဟင်းချိုပူပူလေးက ဇာတ်လိုက်ပဲ။သူ့ ကြောင့်
ထမင်းမြိန်သွားတာ…”ဟုပြောလျှင် ကျွန်တော့်ဦးလေးဦးမြကျော်က – “ဘယ်နှယ့်ကွာ…၊တညင်းသီးကြောင့်စားလို့ ကောင်းသွားတာ…၊တညင်းသီးကမှဇာတ်လိုက် အစစ်…”ဟုပြန်၍
ပြောလေ၏။ကျွန်တော်က -” အန်ကယ်လ်တို့ ပြောတာတွေတစ်ခုမှမဟုတ်ဘူး။တစ်ကယ့်ဇာတ်လိုက်အစစ်က ဘဲသားဆီပြန်ပဲ…”ဟု ပြောလေ၏။ထိုအခါ အဘက- “ဟုတ်တယ်ကွ၊
မမာယာဒေ၀ီပြောတာဟုတ်တယ်…၊ဒီထမင်းဝိုင်းမှာ ဟင်းချိုလေးကဇာတ်လိုက်ဖြစ်နေတာ…၊ဒါပေမယ့် မောင်မြကျော်ပြောတာလည်းအမှန်ပဲ၊တစ်ကယ့်ဇာတ်လိုက်က တညင်းသီးကွ၊
မောင်ထက်အောင်လှိုင်လေးပြောတာလည်းအမှန်ဘဲ။တစ်ကယ့်ဇာတ်လိုက်က ဘဲသားဆီပြန်ကွ၊ဒါပေမယ့် အဓိကအကျဆုံး ဇာတ်လိုက်ကတော့ ချဉ်ဖတ်အစုံသုပ်ပဲဟေ့…”ဟုပြော
လျှင် ဒေါ်မာယာဒေ၀ီက – “ဟင် …၊အဘစကားကလည်းဘယ်လိုကြီးလဲ…”ဟုမေးလေ၏။ထိုအခါ အဘကငါးခူးပြုံးပြုံးရင်း – “ဘယ်သူမဆို ကိုယ့်ဟာကိုယ်တော့ ဇာတ်လိုက်လို့ ပဲထင်
နေကြတပေါ့ကွာ…၊အမှန်ကတော့ အားလုံးဟာ ဇာတ်လိုက်တွေချည်းပါပဲ…၊ဒီထမင်းဝိုင်းမှာ ဟင်းတစ်ခွက်တည်းစားလို့  ဟာတာတာကြီးနဲ့ စားမကောင်းဖြစ်နေမယ်။”ဟုပြန်ပြောလေ
၏။ထမင်းစား၍ပြီးသွားသောအခါ လက်ဖက်သုပ်ကို အချိုတည်း၍စားသောက်ကြလေ၏။ထိုသို့ စားသောက်ပြီးနောက် ဒေါ်မာယာဒေ၀ီက – “အဘရေ…၊အဘဆီလာတာ တစ်ခြား
မဟုတ်ပါဘူး…၊ကျွန်မတို့ အိမ်ထောင်သက်လေးကလည်း တော်တော်ရလာပြီ၊အိမ်ထောင်ကျကျခြင်းတုန်းကတော့ သားသမီးမလိုချင်လို့ အဘအစွမ်းထွက်နည်းလေးတစ်နည်းနဲ့ တား
ထားရတယ်။အခုဟာကတော့ အပေါင်းအသင်းတွေကပြောကြတယ်။သားသမီးဆိုတာ အိမ်ရဲ့ ဆွဲလဲတဲ့…၊အိမ့်ရတနာတဲ့။သမီးတို့ လည်း စီးပွားရေးတွေ တော်တော်အဆင်ပြေနေပြီဆို
တော့ သားသမီးယူဖို့ စဉ်းစားကြတာပေါ့အဘရယ်…၊လိုချင်ကာမှပဲ သားသမီးကလည်းဘယ်ရောက်နေမှန်းမသိဘူးအဘရဲ့ ၊နားလည်တဲ့ ဆရာဝန်တစ်ယောက်ဆီမှာပြကြည့်တော့
သားသမီးရဖို့ က သိပ်ပြီးမသေချာသလိုလိုဖြစ်နေတယ်။ညောင်ပင်တွေမှာလည်း ပုခက်ချိတ်တာလည်းများပါပြီအဘရယ်၊ကလေးရဖို့ ကံအချိန်မကျသေးလို့ နေမှာပါ၊အဲဒီတော့အဘ
ရယ်၊လောကီအတတ်တွေနဲ့ လည်းကြိုးစားကြည့်ချင်လို့  အဘဆီကို အပူလာပြီးကပ်တာပါ…၊အဲဒါပါပဲ ခစ်ခစ်”ဟုပြောလျှင် အဘကရယ်မောရင်း “လောကီပညာမှာတော့ သားသမီး
ရတနာရစေတဲ့နည်းတွေကတော့အများကြီးအများကြီးပါပဲ…၊အဲဒီအထဲက အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလေးတစ်ခုပြောပြလိုက်မယ်။သားသမီးလိုချင်တဲံ မိခင်လောင်းဟာ
မြစ်စပ်တို့ ၊ချောင်းစပ်တို့ တစ်နေရာရာကိုသွားရမယ်…။မြစ်စပ် ချောင်းစပ်က ရေစိုနေတဲ့ ကျောက်ခဲလေးတစ်ခဲ၊လက်မလက်သဲခွံသာသာလောက်ပေါ့…။ခပ်ပြားပြားလေးဆိုရင်ပို
ကောင်းတယ်…၊အဲဒါလေးကိုကောက်လာခဲ့ရမယ်…။ကောက်ရင်းနဲ့ မြစ်စောင့်နတ်ဆီမှာ တစ်ခါတည်းတိုင်တည်ပြီးဆုတောင်းခဲ့ရမယ်….။ယောင်္ကျားလေးလိုချင်ရင် ယောင်္ကျားလေး
ဆုတောင်းပေါ့။မိန်းကလေးလိုချင်ရင်မိန်းကလေးဆုတောင်းပေါ့။အိမ်ရောက်မှ သမီးလေးကပိုကောင်းပါတယ်လေဆိုပြီး ပြန်ဆုတောင်းတာမျိုးမလုပ်နဲ့ ပေါ့…၊မြစ်စောင့်နတ်က နားရှုပ်
ပြီး သားလိုလို သမီးလိုလို ကလေးမျိုးပေးလိုက်လို့ ငိုရမလို၊ရယ်မလိုဖြစ်နေဦးမယ်။ပြီးတော့ အပြာရောင်ပိတ်စ တစ်ကိုက်ပတ်လည်လောက်ကို တစ်ထွာလောက်အပြားလေးဖြစ်အောင်
ခေါက်…၊အဲဒီအခေါက်ကြားမှာ စောစောက ကောက်လာတဲ့ ကျောက်ခဲလေးကို ထည့်ထားရမယ်၊အဲဒီပိတ်စကို မိခင်လောင်းရဲ့ ဗိုက်မှာ ပတ်ထားလိုက်ရမယ်။တွယ်ချိတ်ဘာညာနဲ့ တွယ်
ထားလို့ ရတယ်…၊တစ်ခုရှိတာက မြစ်စပ်က ကောက်လာတဲ့ ကျောက်ခဲလေးဟာမိလောင်းရဲ့  ချက်တည့်တည့်မှာရှိနေရမယ်…။အဲဒါကို ညဆိုရင်ပတ်ပြီးအိပ်၊မနက်ကျရင်သိမ်းထား။
၇ညပတ်ပြီးအိပ်ရမယ်…။ခုနှစ်ညပြည့်ရင် ပိတ်အပြာစာကို သေချာခေါက်ပြီးသိမ်းထားရမယ်…။ကလေးရလာပြီဆိုရင် ပိတ်အပြာစကို ကလေးအနှီးဖြင့် သုံးရမယ်…”ဟုရှည်လျားစွာ
ရှင်းပြလေ၏။ဦးမြကျော်နှင့် ဒေါ်မာယာဒေ၀ီတို့ ဇနီးမောင်နှံလည်း အသေအချာ မှတ်ကြလေ၏။ထို့ နောက်တွင်ကား – “ကဲ… ၊နေတောင်စောင်းနေပြီဆိုတော့ ပြန်လိုက်ပါဦးမယ်အဘ၊
အခုကိုပဲ ကမ်းနားကိုသွားပြီး ကျောက်ခဲလေးသွားကောက်လိုက်ဦးမယ်…”ဟုပြောပြောဆိုဆိုပင် အဘအားနှုတ်ဆက်၍ပြန်ရင်ပြင်လေ၏။အဘက -”ဟေ့…ဟေ့ ၊မောင်မြကျော်နဲ့ မ
မာယာဒေ၀ီ၊ကျောက်ခဲကတစ်ခဲဆိုရင်ရပြီနော် … ၊ပိုပြီးသေချာအောင်ဆိုပြီး လေးငါးဆယ်ခဲသွားမလုပ်နဲ့ …၊လေးငါးဆယ်မွှာမွေးကုန်ဦးမယ်…”လှမ်း၍ပြောသောကြောင့် ကျွန်တော်တို့ 
လည်း ၀ါးကခဲရယ်မောကာ ရွှင်လန်းတက်ကြွသော ခြေလှမ်းများဖြင့်နှင့်အတူ ကိုယ်ပိုင်ကားတစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားကြပါတော့သတည်း။
ထက်အောင်လှိုင် (စိတ်ပညာ)
မှတ်ချက် ။ ။ မော်တော်ကားသည် ဓါတ်ဆီထည့်ပြီးမှမောင်းရသကဲ့သို့  ကျွန်တော်သည်လည်း အဘမင်းသိင်္ခ၏စာရေးနည်းကို အတုခိုးကာ ကြိုးစား၍ရေးသားထားကြောင်းဝန်ခံအပ်ပါသည်။သားသမီးမရသေးသော မိခင်လောင်းများပျော်ရွှင်ကြပါစေ။
မေတ္တာသက်ဝင် ချစ်ခင်စေသောနည်း
တစ်နေ့ သဋ္ဋ် ကျွန်တော်နေထိုင်ရာ ရန်ကုန်မြို့  ၊ တောင်ဥက္ကလာရှိနေအိမ်သို့  အသက် (၂၁)ခန့် အရွယ် မိန်းကလေးတစ်ဦးရောက်ရှိလာခဲ့လေ၏။ထိုမိန်းကလေး၏ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာဖြစ်၏။သို့ ရာတွင် သူ၏မျက်လုံးအစုံမှာ သမင်မျက်လုံးဟုဆိုတတ်ကြသော မျက်လုံးမျိုးဖြစ်၏။ပြုံးသောအခါတွင်မူ တရုတ်မလေးများပြုံးလိုက်သည့်အခါ တွေ့ ရတတ်သော ချစ်စဖွယ်နှုတ်ခမ်းလေးများကိုပိုင်ဆိုင်ထားသူဖြစ်၏။ထိုသမင်မျက်လုံးနှင့် တရုတ်ဆန်ဆန် နှုတ်ခမ်းလေးများကြောင့်ပင်လျှင် ထိုမိန်းကလေးသည် ရွက်ကြမ်းရေကျိုမျှသာဖြစ်သော်လည်း ချစ်ခင်နှစ်လိုဖွယ်ကောင်းနေတော့၏။ထိုမိန်းကလေး၏အမည်မှာ
မရတနာဟူ၍ဖြစ်၏။မရတနာ၏ဖခင်သည်  ကျွန်တော်နှင့် လွန်စွာရင်းနှီးသောသူဖြစ်ခဲ့ဖူး၏။မရတနာသည် ကျွန်တော့်အား အစ်ကိုအရင်းတစ်ဦးသဖွယ် သံယောဇဉ်တွယ်လျက်ရှိလေ၏။
ယင်းတွင် အရေးအကြောင်းကြုံလာတိုင်း ကျွန်တော့်ထံသို့  အပြေးရောက်လာလေ့ရှိသည်။ထိုသို့ လာတိုင်းလည်း ကျွန်တော်အတွက် ရှမ်းခေါက်ဆွဲ ၊ဆန်စီးများကို ၀ယ်လာလေ့ရှိ၏။
ကျွန်တော်နှင့် မရတနာတို့ သည် စားစရာများကို ၀ိုင်းဖွဲ့ ၍ မြိန်ရှက်စွာစားသောက်လေ့ရှိ၏။ယခုလည်း မရတနာသည် ဖော့ဘူးအသွယ်သွယ်ဖြင့် ကျွန်တော့်ထံသို့ ရောက်လာခဲ့
လေ၏။ကျွန်တော်က – “မရတနာ … နင်ငါ့ဆီကို ရှမ်းခေါက်ဆွဲတွေ ၊ဆန်စီးတွေ ၀ယ်လာတာဟာ စေတနာသက်သက်တော့ မဖြစ်နိုင်ဘူး၊ဘာအပူတွေ ၊ ဘာဒုက္ခတွေသယ်လာသေးသ
လဲ ပြောစမ်းပါဦး”ဟု မေးလျှင် မမြမေက ဟီးခနဲတစ်ချက်ရယ်လိုက်ရင်း – “အစ်ကိုကလည်း အကုန်လုံးကိုကြိုပြီး သိနေတော့တာပဲ”ဟုပြန်၍ပြောလေ၏။ထို့ နောက် မရတနာက ဆက်
လက်၍ “နားနဲ့ မနာ ၊ဖ၀ါးနဲ့ သာ နာပါတော့ အစ်ကိုရေ၊ညီမမှာ တိုင်ပင်စရာ ၊အပူကပ်စရာဆိုလို့  အစ်ကိုပဲရှိတာ ၊ ညီမမှာ ချစ်သူတစ်ယောက်ရှိတယ်အစ်ကိုရဲ့ ။ကျော်ကျော်တဲ့…၊သူနဲ့ 
ညီမနဲ့ က GTC [BE] မှာ အတူတူတက်ကြတယ်။ကိုယ့်ငါးချဉ်မို့ လို့ ချဉ်တာတော့မဟုတ်ပါဘူး၊ရုပ်ကလည်းချောတယ် အစ်ကိုရဲ့  ။ ညီမနဲ့ သူနဲ့  မေတ္တာမျှနေကြတာ ၃ နှစ်လောက်ရှိပြီ။
သူက ရိုးလည်းရိုး ၊ အေးလည်းအေးပါတယ်။ဒါပေမယ့် ညီမတို့ ကျောင်းက ကောင်မလေးတွေကလည်း သူ့ ကို ၀ိုင်းပြီး မျက်စိကျနေကြတယ်။နည်းမျိုးစုံနဲ့ ချည်းကပ်နေကြတယ်၊အဲဒီ
တော့ ညီမမှာ အရမ်းစိတ်ပူရတာပေါ့ အစ်ကိုရယ် ၊ တစ်ခါတလေ အခန့် မသင့်လို့  ညီမနဲ့ သူနဲ့  စိတ်ဆိုးကြတဲ့အခါဆိုရင် ကြားက၀ိုင်းပြီး အပြီးပြတ်သွားအောင်ပို့ ပေးတတ်ကြသေး
တယ်။ဒီနောက်ပိုင်းမှာလည်း သူက ညီမအပေါ် ခပ်စိမ်းစိမ်းဖြစ်လာသလိုပဲ၊ညီမသူ့ ကို အရမ်းချစ်တာပါ အစ်ကိုရယ် ၊ အဲဒါ ညီမအပေါ် သူ့ မေတ္တာတွေ ခိုင်သထက်ခိုင် ၊မြဲသထက်မြဲ
အောင် အစ်ကိုရဲ့ ပညာနဲ့ ကူညီပါဦး”ဟု တတွတ်တွတ်ပူဆာလေတော့၏။ကျွန်တော်ကလည်း မရတနာအားကြည့်၍ ခေါင်တဆတ်ဆတ်ညိတ်ရင်း – “နင့် ရှမ်းခေါက်ဆွဲ တွေ ၊ဆန်စီးတွေ
က ငါ့ကို ကျွေးချင်လို့ မဟုတ်ဘဲ ကျော်ကျော်အတွက် ၀ယ်ရတာကိုးဟဲ့..”ဟု ပြောလျှင် မရတနာသည် ရှယ်ရယ်ရယ်ရင်း ခေါင်းငုံ့ သွားလေ၏။ထို့ နောက် ကျွန်တော်က စီးကရက်ကို ရှိုက်
ဖွာ၍ မီးခိုးများကို ကောင်းကင်ဆီသို့  မှုတ်ထုတ်လိုက်ပြီးနောက် -” ဒီလိုဟဲ့ …၀ီကာလို့ ခေါ်တဲ့ အနောက်တိုင်း ဂမ္ဘီရပညာရှင်ကြီးတွေ စီရင်ပေးလေ့ရှိတဲ့ မေတ္တာသက်ဝင် ချစ်ခင်စေတဲ့
နည်းတစ်နည်းရှိတယ်။လင်ပန်းတစ်ချပ်ထဲမှာ သဲသန့် သန့်  ဖြန့် ခင်းပြီးထည့်ရမယ်။အဲဒီသဲအပေါ်မှာ ကိုယ့်ရဲ့ လက်ညှိုးနဲ့ မေတ္တာသက်ဝင်စေချင်သူရဲ့ နာမည်ကို ရေးရမယ်။ကျော်ကျော်
ဆို ကျော်ကျော် ၊ အီစွတ်ဆို အီစွတ်ပေါ့ကွယ် ၊ အဲဒီလိုရေးရမယ်။ အဲဒီနာမည်အပေါ်မှာ အဖြူရောင် နှင်းဆီပန်းလေးတစ်ပွင့်တင်ရမယ်..”ဟုပြောလျှင် မရတနာက ကြားဖြတ်၍ -”အဖြူ
ရောင်နှင်းဆီက ရှာရခက်တယ် အစ်ကိုရဲ့ ၊ ပလတ်စတစ်နှင်းဆီ အဖြူရောင်ဆိုရင်ကော ရမလား..”ဟုမေးလေ၏။ထိုအခါကျွန်တော်က – “အေး .. ပန်းအစစ်နဲ့ လုပ်ရင် နင့်ဆီကို ချစ်သူ
အစစ်ရောက်လာမယ် ၊ ပလတ်စတစ်ပန်းနဲ့ လုပ်ရင်တော့ နင့်ဆီကို  ပလတ်စတစ်ချစ်သူပဲရောက်လာလိမ့်မယ်..” ဟုပြောလိုက်သောကြောင့်မရတနာသည်လည်း ပါးစပ်ပိတ်ကာ ဇက်
ကလေးပုသွားလေ၏။ထို့ နောက် ကျွန်တော်က ဆက်လက်၍ – “အဲဒီနှင်းဆီပေါ်မှာတော့ ရေခဲတုံးတစ်တုံး တင်လိုက်ရမယ်တဲ့။ရေခဲတုံးက အုတ်ခဲတုံးအရွယ်လောက်ပေါ့ဟယ်၊အဲဒီ
အစီအရင်ကို ကိုယ့်ရဲ့ အိပ်ယာပေါ်မှာလုပ်ရမယ်။ညသန်းခေါင် အချိန်မှာ လုပ်ရမယ်။ရေခဲတုံးဟာ တဖြည်းဖြည်း အရည်ပျော်ကျလာပြီး အေးစက်ကြည်လင်နေတဲ့ ရေစင်တွေဟာ အဖြူ
ရောင် နှင်းဆီပန်းကလေးကို ဖြတ်ပြီး သဲပြင်ပေါ်က နာမည်ပေါ်ကို တစ်စိမ့်စိမ့်စီးကျနေမှာပေါ့ ၊ အဲဒါကို ကိုယ်က လင်ပန်းလေးကို လက်နှစ်ဖက်နဲ့  ကိုင်ထားရင်း ချစ်သူရဲ့ မျက်နှာကို အာ
ရုံပြုရင်း “ငါ့ရဲ့ မေတ္တာတွေဟာ ကျော်ကျော်ရဲ့ နှလုံးအိမ်ထဲကို စီးဝင်သွားပါစေ ..”လို့ ကိုယ့်နားထဲက ပြန်ကြားရုံလေး တတွတ်တွတ် ရွတ်ဆိုဆုတောင်းရမယ် ၊ ဆယ့်ငါးမိနစ် ၊မိနစ်နှစ်
ဆယ်လောက်စူးစူးစိုက် အာရုံပြုပြီး လုပ်ရမယ်”ဟုရှင်းပြလေ၏။ထိုအခါ မရတနာက – “အဲဒါ ဘယ်တော့လုပ်ရမလဲ အစ်ကို”ဟု မေးလျှင် ကျွန်တော် စီးကရက်တိုကို အနီးရှိ ပြာခွက်ထဲသို့ 
လှမ်း၍ပစ်ထည့်လိုက်ရင်း – “အမြန်ဖြစ်ချင်ရင် ဒီညလုပ် ၊ အေးအေးဆေးဆေးဖြစ်စေချင်ရင်လည်း နောင်နှစ်သုံးဆယ်လောက်မှရှိမှလုပ်ပေါ့..”ဟုပြောလိုက်လေ၏။မရတနာလည်း -
“နှစ်သုံးဆယ်တော့ မစောင့်နိုင်ဘူး အစ်ကိုရေ ၊ ဒီညကိုပဲလုပ်မယ်…”ဟု ပြောပြောဆိုဆိုပင် ပေါ့ပါးသွက်လက်သောခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာသွားပါလေတော့သည်။
ထက်အောင်လှိုင် (စိတ်ပညာ)
စိတ်ညှို့ ပညာနဲ့  အတိတ်ဘ၀တွေကိုသိနိုင်ခြင်းဆိုတာ
လက်ရှိဘ၀ရဲ့ နောက်ကြောင်းပြန် ငယ်ဘ၀နဲ့  အတိတ်ဘ၀တွေကို စိတ်ညှို့ ပညာနဲ့ ဖော်ထုတ်ကြည့်တာကို Regression လို့ ခေါ်တယ်။အသက်
ငယ်စဉ်ဘ၀မှာ ဘယ်လိုပြဿနာတွေ ၊ အမှားအယွင်းတွေရှိခဲ့လဲဆိုတာ သိရအောင် စိတ်ညှို့ ပြီးတော့ ငယ်စဉ်ဘ၀ကိုပြန်ဖော်တဲ့အခါ Regression နည်းကိုသုံးတယ်။ ဒီဘ၀ရဲ့ ငယ်
စဉ်တင်မက အတိတ်ဘ၀က အကြောင်းတွေကို သိလိုတဲ့အခါမှာလည်း ဒီနည်းကို အသုံးပြုတယ်။လူတစ်ယောက်ဟာ ကတ်ကေးမြင်ရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး တုတ်လှုပ်သွား
တယ် ဆိုပါတော့။ငယ်ငယ်က ကတ်ကြေးနဲ့ ထိုးမိလို့  အလွန်နာကျင်သွားတာကို မသိစိတ်ထဲ စွဲသွားပြီးတော့ နောင်အခါ ကတ်ကြေးမြင်ရင် ကြောက်ဒူးတုန်တာမျိုးတွေရှိတယ်။
အရင်ဘ၀ သစ်ပင်ကြီးပေါ်က လိမ့်ကျလို့ သေဆုံးသွားရသူဟာ ဒီဘ၀မှာ အမြင့်ကြောက်တတ်တယ်။လေယာဉ်ပျံမစီးရဲဘူး။တိုက်အမြင့်ကြီးတွေ မတက်ရဲဘူးဆိုတာတွေကို Regression နည်းနဲ့ ဖော်ထုတ်နိုင်တယ်။အခုနောက်ဆုံးခေတ်စားနေတဲ့ခွင်ကတော့ အတိတ်ဘ၀က ချစ်သူဟောင်းတွေကို ရှာတဲ့ခွင်ပဲ။အခုဘ၀မှာ လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း
ချစ်ခင်စွဲလမ်းသွားတာ ၊ကြောက်ရွံသွားတာ ၊မုန်းတီးသွားတာတွေဟာ အတိတ်ဘ၀က ချစ်သူဟောင်းတွေ ၊ ရန်သူဟောင်းတွေဖြစ်ခဲ့ကြလို့  ဒီဘ၀မှာ ဘာမှအကြောင်းခိုင်ခိုင်လုံလုံမရှိဘဲ
ချစ်တာ ၊မုန်းတာ ၊ကြောက်ကြတာဖြစ်တယ်ဆိုတာကို စိတ်ညှို ပညာနဲ့ အတိတ်ဘ၀လေ့လာတဲ့နည်းနဲ့ အဖြေထုတ်နိုင်တယ်။အချို့ စိတ်ပညာရှင်တွေဟာ စိတ်ညှို့ ပညာကိုအသုံးချပြီး
တော့ ဖူးစာရှင်ရှာကြတယ်။အိမ်ထောင်ရေး အဆင်မပြေသူတွေကလည်း သူတို့ ရဲ့ အိမ်ထောင်ဖက်ဟာ ဖူးစာရှင်အစစ်မှဟုတ်ရဲ့ လား။ဖူးစာရှင်အစစ်ကဘယ်သူလဲ၊ဘယ်မှာလဲဆိုတာ
သိချင်တော့  စိတ်ညှို့ ပညာရှင်တွေဆီလာပြီး အကူအညီတောင်းကြတယ်။ဒီလို အကူအညီလာတောင်းတဲ့လူတွေအထဲမှာ ရုပ်ရှင်မင်းသမီး အမက်ဝပ်ဆန် ၊ အဆိုတော်လေဒီဂါဂါ ၊
ကိတ်ပဲရီစတဲ့ နာမည်ကြီးတွေပါသလို စာရေးဆရာ ၊ကထိကပါမောက္ခတွေအထိပါဝင်ကြတယ်။ဘီလျံနာသူဌေးသူကြွယ်တွေကတော့ ရှေ့ ဆုံးကပေါ့။နတ်ကတော်ကိုမေးသလိုလို ၊
ဗေဒင်ဆရာကိုမေးသလိုလို သူတစ်ပါးကပြောလို့  သိရတာမျိုးမဟုတ်ဘဲ မိမိကိုယ်တိုင် မိမိဘ၀ဟောင်းက အကြောင်းတွေကို သိမြင်ရတာ ၊ဖူးစာဖက်ကိုတွေ့ မြင်ရတာဟာ ခိုင်လုံတယ်
လို့ ယူဆကြတယ်။
ဘ၀ဟောင်းကအဖြစ်အပျက်တွေကိုပြန်မြင်တဲ့အခါ တစ်ထိုင်တည်း၊တစ်ကြိမ်တည်းနဲအကုန်မြင်ဖို့ မလွယ်ဘူး။ ဒီတော့ စိတ်ရှည်ရှည်နဲ့ လေ့လာရမှာ
ဖြစ်တယ်။ဘ၀ဟောင်းဟာ (၁၀၀)ရှိတယ်ဆိုပါတော့။ပထမဆုံးမြင်ရတဲ့ဘ၀ဟောင်းဟာ ဘ၀အမှတ်စဉ်(၅၀)ဖြစ်နိုင်တယ်။ဒုတိယအကြိမ် တွေ့ မြင်ရတဲ့ဘ၀ဟောင်းက အမှတ်စဉ်(၉၁)
ဖြစ်နိုင်တယ်။ဒီတော့စိတ်ရှည်ရလိမ့်မယ်။ဆက်စပ် ဆင်ခြင်နိုင်ရမယ်။ကျိုးကြောင်းဆက်စပ်မိအောင် သုံးသပ်ကြည့်ဖို့ တော့လိုပါတယ်။တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို
စိတ်ညှို့ ပြီး သူ့ အတိတ်ဘ၀ဟောင်းကို မေးကြည့်တဲ့အခါ သူက နယ်မြို့ ကလေးတစ်မြို့ မှာ ဈေးသည်မလေးဖြစ်ခဲ့ဖူးကြောင်းပြောပါတယ်။သူနဲ့ ဘ၀ဟောင်းကတော်စပ်ခဲ့ဖူးတဲ့ သူ့ ဦး
လေးက အခုတော့ သူ့ နဲ့ မောင်နှမဖြစ်နေပါတယ်။ဒီလိုနဲ့သူအရင်ဘ၀ကနေခဲ့တဲ့ မြို့ လေးကို သွားစုံစမ်းကြည့်တော့ သူပြောတဲ့အတိုင်း အမှန်အတိုင်းဖြစ်နေပါတယ်။ဘ၀ဟောင်းကို
မြင်ချင်လို့  စိတ်ညှို့ ခံရသူဟာ စိတ်ဓါတ်ခိုင်မာသူဖြစ်ရပါတယ်။ဘ၀ဟောင်းမှာ မိမိဟာ နာကြည်းဖွယ် ၊အလွန်နာကျင်ဖွယ်တွေကို ခံခဲ့ရတာကို မြင်ရတဲ့အခါ လန့် သွားတတ်ပါတယ်။
အလွန်တုန်လှုပ်ချောက်ချားသွားတတ်ပါတယ်။ဒါကြောင့် စိတ်အားငယ်တတ်သူ ၊စိတ်ဓါတ်မခိုင်မာသူတွေဟာ ဒီနည်းကို မစမ်းသင့်ဘူးဆိုတဲ့အချက်ကို သိရမှာဖြစ်ပါတယ်။ကျွန်တော်
ထပ်မံပြောလိုတာကတော့ မိမိကိုယ်တိုင်မတတ်ကျွမ်းဘဲ စိတ်ညှို့ နည်းကိုမပြုလုပ်ပါနှင့်။တတ်ကျွမ်းသောဆရာများထံသို့ သာသွားရောက်ပြီး စိတ်ညှို့ ခံသင့်ပါတယ်။မိမိကိုယ်တိုင်စမ်းသ
ပ်ပြီး အောင်မြင်နိုင် မအောင်မြင်နိုင်တာကို ကျွန်တော် အာမမခံနိုင်ပါ။
ထက်အောင်လှိုင်
mr.htetaunghlaing@gmail.com
ဒိဗ္ဗစက္ကုကျင့်စဉ်
ကျွန်ုပ်သည် အဘမင်းသိင်္ခ၏ နတ်မျက်စိကဲ့သို့ အရာအားလုံးကို ထိုဖောက်၍ မြင်နိုင်သော ကျင့်စဉ်ကို အောက်တွင် အသေးစိပ် ဖော်ပြပေးလိုက်ပါသည်။ မသိသူကျော်သွား သိသူဖော်စား ဟူသောစကားအရ ၀ါသနာပါသော သူများ လိုက်နာ ကျင့်ဆောင်၍ အမြင်များပေါက်မြောက် အောင်မြင်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပါသည်။
နတ်မျက်စိကျင့်စဉ်ဆိုတာ….
အရာအားလုံးကို မြင်နိုင်စွမ်းရှိတယ်။ အမေးတိုင်းကို အဖြေ ထုပ်နိုင်တယ်။ မည်သည့် ပညာရပ်နှင့်မဆို အစမ်းသတ်ခံနိုင်တယ်။ အဝေးက အရာဝတ္ထုကိုလည်း ဟောနိုင်တယ်။ ဖုံးထားတဲ့ အရာဝတ္ထုကိုလည်း ဖွင်ချ ဟောပြောနိုင်တယ်။ အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး ဝေဖန် ပိုင်းဖြား ဟောပြောနိုင်သော ပညာရပ် တစ်ခုပါပဲ။
ဒီကျင့်စဉ်မှာက Crystal Gazing ခေါ် ဓာတ်ဖန်လုံးကို အသုံးပြု၍ ကျင့်ယူရမယ်။ ဓာတ်ဖန်လုံး မရှိရင်ရော။ ရပါတယ်။ ဓာတ်ဖန်လုံးကတော့ အကောင်းဆုံးပေါ့။ ဓာတ်ဖန်လုံး မရှိရင်တော့ ရေတို့ မှန်တို့နဲ့ လေ့ကျင့်လို့ ရပါတယ်။
ဒီလောက် အာနိသင်ထက်မြက်တဲ့ ကျင့်စဉ်ကို လူတိုင်းလေ့ကျင့်လို့ ရမလား၊ အောင်မြင်မလား။
အောင်မြင်ပါတယ်။ လူတိုင်း လေ့ကျင့်လို့ရပါတယ်။ ဒါပေမယ့် မြန်တာနဲ့ နှေးတာပဲ ရှိတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရင် ထောင်ထောင်မောင်းနဲ့ ဘာလုပ်လုပ် တက်တက်ကြွကြွ ရှိတတ်တဲ့ လူမျိုးတွေရယ် ခန္ဓာကိုယ် ဖွဲစည်း တည်ဆောက်ပုံအရ အရိုးအဆစ်တွေ ကြီးမား ကျယ်ပြန့်တဲ့ လူတွေ ဖွံ့ထွားတဲ့လူတွေဟာ ဒီလိုကျင့်စဉ်ကို လေ့ကျင့်ရင် သူတကာတွေထက် ပိုပြီး ပေါက်မြောက်အောင်မြင်လေ့ရှိတယ်။
တစ်ချို့ကြတော့ ကြည့်လိုက်ရင် ကုတ်ချောင်ချောင်နဲ့။ သူတို့ အသံက ညောင်နာနာနဲ့။ စကားပြောရင်လဲ မပွင့်တပွင့်နဲ။ ခိုကြောင် ခိုးဝှက် လုပ်တတ်တယ်။ ဘာလုပ်လုပ် တက်တက်ကြွကြွ မရှိဘူး။ အဲဒီလို လူတွေကြတော့ ကြာတတ်တယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက အောင်မြင်တာချဉ်းပါပဲ။ မြန်တာနဲ့ ကြာတာ နှစ်မျိုးပဲ ရှိပါတယ်။
ကဲ… ဘယ်လို ကျင့်ကြမလဲ။
ဓာတ်ဖန်လုံး ရှိရင်တော့ ဓာတ်ဖန်လုံးနဲ့ ကျင့်ပေါ့။ ဓာတ်ဖန်လုံး မရှိဘူးဆိုရင်တော့ ဖန်ခွက်ထဲကို ရေထည့်ပြီး လေ့ကျင့်လို့ ရပါတယ်။ စမ်းချောင်းရေဆို ပိုကောင်းတယ်လို့ အဘပြောဖူးတယ်။ ဖန်ခွက်ကတော့ ပြောင်နော်။ လုံးလုံး။ လေးဒေါင့်တို့ ပန်းတွေ ဘာတွေပါတဲ့ ဖန်ခွက်ဆို မရဘူး။ ပြောင်ချောမှ ကောင်းတယ်။ အဲဒီ ဖန်ခွက်ထဲမှာ ရေထည်။ ကိုယ့်ရှေ့က စားပွဲပေါ်တင်ပြီး ကြည့်ရမယ်။ ဒါပါပဲ။ အရေးကြီးတာက ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မ၀င်အောင် ဂရုစိုက်ရမယ်။ ကောင်းတာကတော့ ကျင့်မယ့်လူရဲ့ နောက်ကျောမှာ မီးထွန်းထားရင်တော့ ပိုကောင်းမယ်။
တစ်နေ့ကို အနည်းဆုံး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် စပြီး တစိမ့်စိမ့် ကြည့်ရမယ်။ နောက်တော့လည်း ကြည့်တဲ့ အချိန်တွေ တဖြေးဖြေး တိုးသွားပေါ့။ ပါးစပ်က ဂါထာတွေ မန္တာန်တွေ ရွတ်နေစရာ မလိုဘူး။ ကိုယ့် စိတ်ထဲကလည်း ဘာမှ မှတ်နေစရာမလိုဘူးနော်။ တွေးနေစရာလည်း မလိုဘူး။ ပုတီး စိပ်နေဖို့လည်း မလိုဘူး။ အဲဒီ ရေထည့်ထားတဲ့ ဖန်ခွက်ကို တစိမ့်စိမ့် ကြည့်နေတဲ့ အလုပ်တစ်ခုပဲ လုပ်ရမှာ။ ကြည့်နေတာ တစ်ခုပဲ လုပ်ရမှာ။ ဒါအရေးအကြီးဆုံးပဲ။
အဲဒီလို ကြည့်နေရင်းနဲ့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ ပိုပို နောက်လာမယ်။ ဆန်ဆေးရေးလို နောက်လာမယ်။ နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို လှုပ်လှုပ် ရွရွ ဖြစ်လာမယ်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ နောက်ဆို ဖန်ခွက်မလိုတော့ဘူး။ ကိုယ်သိချင် မြင်ချင်တာလေး အာရုံပြုလိုက်တာနဲ့ ပေါ်လာတော့တာပဲ။
နောက်ဆုံးတစ်ခုက တစ်နေ့တာ ကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ အဘမင်းသိင်္ခ ပြောခဲ့တာကတော့ လူတစ်ရာ ကျင့်ရင် လူအယောက် (၉၀)လောက်က အောင်မြင်ပါတယ်တဲ့။မိတ်ဆွေများလည်း လူ အယောက် (၉၀)ထဲမှာပါနိုင်အောင်
ကျင့်ကြံနိုင်ကြပါစေဗျာ။
စာဖတ်သူများအားလုံးကျန်းမာရွှင်လန်းနိုင်ကြပါစေသော်ဝ်
ထက်အောင်လှိုင်
Follow
Get every new post delivered to your Inbox.